ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အရေးကြီးကြောင်း အာဆီယံ ဥက္ကဋ္ဌပြော
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အရေးကြီးကြောင်း အာဆီယံ ဥက္ကဋ္ဌပြော
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံက အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆို ထားပြီး၊ ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ ဘာမှ တိုးတက်မှု မရှိဘူးလို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက ပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ နေပြည်တော် နဲ့ ညှိနှိုင်းနေတဲ့ အဓိက အချက် ဖြစ်ပြီး ဒီအပေါ်မှာ အာဆီယံရဲ့ သဘောထား ပြောင်းလဲမှု မရှိဘူးလို့လည်း သူက ဆိုပါတယ်။ အာဆီယံနဲ့ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးတို့ အကြားက အွန်လိုင်း ဆွေးနွေးပွဲ လုပ်မယ် ဆိုတဲ့ အခြေအနေကရော ဘယ်လို ရှိပါသလဲ။ ကိုမောင်က ဆက်ပြီး ပြောပြပေးမှာပါ။



