ရိုမီယို ဂျူးလီးယက်ပြဇာတ်ထဲ ကြောင်ဝင်လာတဲ့အခါ
ရိုမီယို ဂျူးလီးယက်ပြဇာတ်ထဲ ကြောင်ဝင်လာတဲ့အခါ
ရေးသားခဲ့သည်။
တူရကီမှာ ရိုမီယိုနဲ့ ဂျူးလီးယက်ပြဇာတ်ကို ကပြနေကြတုန်း နောက်ဆုံး ဇာတ်ရှိန်အမြင့်ဆုံး အခန်းအရောက်မှာ ကြောင်တစ်ကောင်စင်ပေါ်ရောက်လာပါတယ်။ ကြောင်က ဇာတ်ခုံပေါ်မှာ သေဆုံးနေတဲ့ ရိုမီယိုသရုပ်ဆောင်ရဲ့ ဆံပင်တွေကို ကုတ်ခြစ် ကိုက်ဆွဲနေလို့ ဇာတ်ကြောင်းအရ ဝမ်းနည်းကြရမယ့်ပရိသတ်တွေ တသောသောဖြစ်ကုန်ကြပါတယ်။ ဘေးက ပူဆွေးနေတဲ့ ဂျူးလီးယက်ကလည်း ဟန်မပျက် အဆုံးအထိသရုပ်ဆောင်သွားပါတယ်။ ကြောင်က နောက်ပိုင်းတော့ စင်ပေါ်ကနေ ထွက်ပြေးသွားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #ကြောင် #ရိုမီယိုနဲ့ဂျူးလီးယက်



