ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားတွေ ဆိုရှယ်မီဒီယာမှာ မြင်းပုံတွေ ဘာကြောင့်တင်
ရုရှားတွေ ဆိုရှယ်မီဒီယာမှာ မြင်းပုံတွေ ဘာကြောင့်တင်
ရေးသားခဲ့သည်။
ရုရှားမှာ လူတွေက ဓာတ်ဆီဆိုင်ပုံတွေကို မြင်းပုံတွေနဲ့တွဲပြီး အွန်လိုင်းမှာ တင်နေကြပါတယ်။ အဲဒါက နိုင်ငံတလွှားကြုံနေရတဲ့ ဆီရှားပါးပြတ်လပ်မှုကို သရုပ်ဖော်သရော်ကြတာပါ။ သမ္မတပူတင်ကိုယ်တိုင်က နိုင်ငံထဲမှာ ဆီရှားပါးမှုရှိနေတယ်ဆိုတာ ဒီအပတ်ထဲမှာပဲ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာအခြေအနေမဟုတ်ဘူးလို့ ပြောပါတယ်။ BBC Verify အစီအစဥ်က မြင်းပုံဗီဒီယိုတွေကို ခြေရာခံကြည့်ပြီး ရုရှားမှာ ဆီရှားပါးပြတ်လပ်မှုအခြေအနေကို ပုံဖော်ကြည့်ထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ရုရှား #လောင်စာဆီရှားပါးမှု #ယူကရိန်း #BBC Verify