ဘစ်ဘန် နာရီကြီး ပြုပြင်ထိန်းသိမ်းဖို့ လူသစ်ရှာ

ဗီဒီယို ပုံစာ, ဘစ်ဘန် နာရီကြီး ပြုပြင်ထိန်းသိမ်းဖို့ လူသစ်ရှာ
ဘစ်ဘန် နာရီကြီး ပြုပြင်ထိန်းသိမ်းဖို့ လူသစ်ရှာ
ရေးသားခဲ့သည်။

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး နာရီကြီးအတွက် ပြုပြင်ထိန်းသိမ်းပေးမယ့်သူအသစ် ခန့်အပ်ဖို့ စတင်ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အဲဒီလူတွေကို နာရီပြုပြင်ထိန်းသိမ်းမှုနဲ့ ပတ်သက်လို့ ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးကြမှာ ဖြစ်ပါတယ်။ အဲလ်လစ်ဇဘက်သ် တာဝါလို့ ခေါ်ကြပြီး ဘစ်ဘန်းလို့ လူသိများတဲ့ ဒီနာရီကြီးတွေဟာ ဗြိတိန်ရဲ့ အထင်ရှားဆုံး အမှတ်လက္ခဏာ တခုလည်းဖြစ်ပါတယ်။ အဲဒီနာရီကြီးအတွင်း စက္ကန့်နဲ့ အမျှ ရွေ့လျားနေအောင် လူအနည်းငယ်က စောင့်ကြည့် မွမ်းမံ ပေးနေရတာဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂရေဟမ် ဆက်ချဲလ် နာရီစင်ဆီက ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။