ဆောင့်ကြောင့်ထိုင်နိုင်ရင် ဘာအကျိုးရှိ
ဆောင့်ကြောင့်ထိုင်နိုင်ရင် ဘာအကျိုးရှိ
ရေးသားခဲ့သည်။
Asia squat လို့ခေါ်တဲ့ အာရှသားတွေ ဆောင့်ကြောင့်ထိုင်တဲ့ပုံမျိုး ကြိုးစားထိုင်ကြည့်ပြီး အဲဒီဗီဒီယိုတွေ အွန်လိုင်းတင်နေကြတာလည်း တွေ့ရပါတယ်။ အဲဒီလို ထိုင်ကြည့်တဲ့အခါ မအောင်မြင်သူတွေလည်း တွေ့ရပါတယ်။ ဘာကြောင့်အဲဒီလို ထိုင်ဖို့ခက်တာပါလဲ။ ခန္ဓာကိုယ်လှုပ်ရှားမှုသက်သာလွယ်ကူရေး လေ့ကျင့်ပေးသူတွေကတော့ ဆောင့်ကြောင့် ထိုင်နိုင်တာဟာ အသက်အရွယ်ကြီးမြင့်လာချိန်မှာ ကျန်းမာရေး၊ ထိုင်ထသွားလာ လွယ်ကူရေးကို အများကြီး အထောက်အကူပြုတယ်လို့ ပြောကြပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ကျန်းမာရေး #ဆောင့်ကြောင့်ထိုင်ခြင်း #Asia squat



