အင်ဒိုနီးရှားကမ်းလွန်က အမှိုက်ကျွန်းမျောတွေ

ဗီဒီယို ပုံစာ, အင်ဒိုနီးရှားကမ်းလွန်က အမှိုက်ကျွန်းမျောတွေ
အင်ဒိုနီးရှားကမ်းလွန်က အမှိုက်ကျွန်းမျောတွေ
ရေးသားခဲ့သည်။

မြို့တော်ဂျာကာတာကမ်းလွန်မှာ တန်ပေါင်းများစွာရှိတဲ့ အမှိုက်တွေ ကျွန်းတွေလိုဖြစ်ပြီး မျောနေတာ တွေ့ရမှာပါ။ ဂျာကာတာခရိုင်အစိုးရက လှေတွေနဲ့ အမှိုက်တွေသိမ်းဆည်းရှင်းလင်းတဲ့ လုပ်ငန်းတွေ မကြာမကြာလုပ်ပေးပေမဲ့ မြစ်ကြောင်းတလျှောက်ကရော ပင်လယ်ရေစီးနဲ့ပါ ပါလာတဲ့ အမှိုက်တွေက စုပုံပြီး အများကြီးဖြစ်ဖြစ်လာပါတယ်။ ကမ်းခြေတလျှောက်နေကြသူတွေ ငါးဖမ်းသူတွေကတော့ အမှိုက်တွေကြောင့် သူတို့ရဲ့ လုပ်ငန်းတွေ ထိခိုက်သလို ငါးဖမ်းကိရိယာတွေကိုလည်း ပျက်စီးစေတယ်လို့ပြောပါတယ်။ ဂျာကာတာကနေ တစ်နေ့ကို အမှိုက် တန် ၆,၀၀၀ က ၇,၀၀၀ အထိ ထွက်နေပြီး အမှိုက်စွန့်ပစ်ရတဲ့နေရာတွေမှာ မနိုင်တော့ဘဲ မြစ်ချောင်းတွေကနေ တစ်ဆင့်ပင်လယ်ထဲရောက်လာကြတာပါ။ •

#ဘီဘီစီမြန်မာပိုင်း #အင်ဒိုနီးရှား #ဂျာကာတာ #သဘာဝပတ်ဝန်းကျင် #စွန့်ပစ်အမှိုက်