ပထမဆုံးကမ္ဘာပတ် အမေရိကန်အာကာသယာဉ်မှူး ဂျွန်ဂလန်း ကွယ်လွန်

glenn

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂျွန်ဂလန်းကို သမ္မတ အိုဘားမား ဂုဏ်ပြုချင်းမြှင့်
ရေးသားခဲ့သည်။

ပထမဆုံး ကမ္ဘာပတ် အမေရိကန် အာကာသယာဉ်မှူးနဲ့ အထက်လွှတ်တော်အမတ်ဟောင်း ဂျွန်ဂလန်း အသက် ၉၅နှစ်မှာ အနိစ္စရောက်ရှိသွားပါတယ်။

သူဟာ မာကျူရီ အာကာသယာဉ်မှူး ၇ ယောက်လို့ သိကြတဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှူး တွေထဲမှာ နောက်ဆုံး ကွယ်လွန်သူ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်တုန်းက Friendship Seven အာကာသယာဉ်နဲ့ ကမ္ဘာကို ၃ ပတ် ပတ်ဖို့ သူ့ကို ရွေးချယ်ခဲ့ပါတယ်။

ဒီအောင်မြင်မှုကြောင့်ပဲ အာကာသ စူးစမ်းရှာဖွေမှုမှာ ဆိုဗီယက်က အမေရိကန်ထက် ရှေ့ကပြေးနေတာကို ပြန်လည် အဖတ်ဆယ် နိုင်ခဲ့ပါတယ်။

နောက်ပိုင်း သူနိုင်ငံရေးထဲ ဝင်ခဲ့ပြီး အထက် လွှတ်တော်အမတ် အဖြစ် အနှစ် ၂ဝ ကြာ ထမ်းဆောင်ခဲ့သလို ဒီမိုကရက်ပါတီ သမ္မတလောင်း အဖြစ်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ဒစ်ကာဗာရီ လွန်းပျံယာဉ်နဲ့ လိုက်ပါဖို့ သူအာကာသ ထဲကို တခေါက် လိုက်လာခဲ့ပါတယ်။

အဲဒီအချိန်က သူ့အသက် ၇၇ နှစ် ရှိပြီ ဖြစ်တဲ့ အတွက် ကမ္ဘာ့အသက်အကြီးဆုံး အာကာသယာဉ်မှူး ဖြစ်လာခဲ့ပါတယ်။