ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Empire State အဆောက်အဦထိပ်မှာ စေ့စပ်ခဲ့တဲ့စုံတွဲ
အမေရိကန်နိုင်ငံက အမြင့်ဆုံးအဆောက်အအုံတွေထဲမှာပါတဲ့ နယူးယောက်က Empire State အဆောက်အဦရဲ့ ထိပ်ဆုံးကိုတက်ပြီး ရုရှားစုံတွဲက စေ့စပ်ခဲ့ကြတာကိုတွေ့ရမှာပါ။ ၄၄၃ မီတာ (၁,၄၅၄ ပေ) အမြင့်ရှိတဲ့ အဆောက်အဦရဲ့ ထိပ်ဆုံးမျှော်စင်ဆီ မျက်နှာဖုံးအနက် ဝတ်ထားတဲ့ သူတို့နှစ်ယောက် တက်ရောက်ကြပြီး ငြိမ်းချမ်းရေးသတင်းစကား ရေးထားတဲ့ အဝတ်စကြီးကိုလည်း ဖြန့်လွှင့်ပြခဲ့ပါတယ်။ “ချစ်ခြင်းရဲ့ အင်အားက အင်အားကိုချစ်ခြင်းကို အောင်နိုင်တဲ့အခါ ကမ္ဘာကြီးက ငြိမ်းချမ်းရေးကို သိမြင်ရရှိမယ်” ဆိုတဲ့ စာသားကို ရေးထားတာပါ။ သူတို့ ထိပ်ဆုံးနေရာမှာ ၁၀ မိနစ်လောက်နေခဲ့ပြီး ပြန်ဆင်းခဲ့ပါတယ်။ သူတို့ကို အခု ရဲက ထိန်းသိမ်းထားလိုက်တယ်လို့ သိရပါတယ်။
#ဘီဘီစီမြန်မာပိုင်း #Empire State Building #ရုရှား #ငြိမ်းချမ်းရေး