မြစ်ကြီးနား ကို စစ်တပ် အင်အား ဖြည့်တင်း

မြစ်ကြီးနား ကို စစ်တပ် အင်အား ဖြည့်တင်း
ရေးသားခဲ့သည်။

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို အခု သီတင်းပတ် အစောပိုင်းမှာပဲ၊ စစ်တပ်ရဲ့ မော်တော်ယာဥ်တွေ အစင်းရေ ရာနဲ့ချီပြီး ဝင်ရောက်လာပါတယ်။ ဒါဟာ ၂၀၂၁ တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း၊ စစ်တပ်ဟာ မြေပြင် လမ်းကြောင်းကနေ အင်အားအလုံးအရင်းနဲ့ ပထမဆုံး အကြိမ် အင်အားဖြည့်တင်း နိုင်တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေ ပိုပြင်းထန် လာနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ကိုဝေဖြိုး ပြောပြပေးမှာပါ။