မြို့ကြီးပြကြီးတွေမှာ ကျောင်းအပ် လက်မခံမှုတွေ ရှိ
မြို့ကြီးပြကြီးတွေမှာ ကျောင်းအပ် လက်မခံမှုတွေ ရှိ
ရေးသားခဲ့သည်။
အခြေခံ ပညာ စာသင်ကျောင်းတွေ ပြန်ဖွင့် နေပြီ ဆိုပေမဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသကနေ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကို ရွှေ့ပြောင်းလာကြတဲ့ ကျောင်းသူ ကျောင်းသာတွေဟာ ကျောင်းထွက် လက်မှတ် မပါလာတာကြောင့် ကျောင်းအပ်လို့ မရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျောင်းထွက် လက်မှတ် မပါရင် ကျောင်းအပ်တာကို လက်မခံဖို့ကိုလည်း ပညာရေး ဝန်ကြီးဌာနက စာထုတ်ထားတယ်လို့ ပညာရေး အသိုင်းအဝိုင်း နဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။ ရန်ကုန်တိုင်းထဲမှာ ကျောင်းအပ် လက်မခံလို့ အခက်အခဲ ကြုံနေရတဲ့ ရွှေ့ပြောင်း ကျောင်းသား အရေအတွက်က ရာဂဏန်း အထိ ရှိနေပါတယ်။ ကိုမောင်က ဆက်ပြီး ပြောပြပေးမှာပါ။



