ပြတိုက်က ဒေါ်လာ ၁၀ သန်းကျော်တန် ပန်းချီကားတွေခိုးခံရ
ပြတိုက်က ဒေါ်လာ ၁၀ သန်းကျော်တန် ပန်းချီကားတွေခိုးခံရ
ရေးသားခဲ့သည်။
အီတလီမှာရှိတဲ့ ပြတိုက်တစ်ခုကနေ တန်ဖိုးကြီးတဲ့ ပန်းချီကားတွေ ညဘက်ဝင်အခိုးခံရပုံကို စီစီတီဗီကတွေ့ရတာပါ။ ပါသွားတဲ့ ပန်းချီကားတွေထဲမှာ ဆေဇန်း၊ ရေနွားနဲ့ မက်တိစ်တို့လို ကမ္ဘာကျော်ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေလည်းပါပါတယ်။ ပန်းချီကား သုံးချပ်ကို ပြန်ရပြီလို့ ရဲကပြောပါတယ်။ နောက်ထပ်အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ ဒါ အီတလီမှာ အကြီးဆုံး အနုပညာပစ္စည်းတွေခိုးယူခံရမှု တစ်ခုဖြစ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အီတလီ ပန်းချီကားခိုးခံရမှု #ရေနွား #ဆေဇန်း



