ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပွဲတိုင်းအတွက်သင့်တော်မယ့် နှာခေါင်းတုတွေရှိသူ
ပွဲတိုင်းအတွက်သင့်တော်မယ့် နှာခေါင်းတုတွေရှိသူ
ရေးသားခဲ့သည်။
ယူကေနိုင်ငံ ဝေါစတာရှိုင်းယားက အသက် ၄၈ နှစ်ရှိတဲ့ ဂျိန်းဟာ့ဒ်မန်းဟာ ရှားပါးတဲ့ အော်တိုအင်မျူးရောဂါကြောင့် ၂၀၁၇ က သူ့နှာခေါင်းကို ဖြတ်ထုတ်ခဲ့ရပါတယ်။ အခုတော့ သူ့မှာ နှာခေါင်းအတု ၁၀ မျိုးမကရှိနေပါတယ်။ ဘယ်လိုပွဲမျိုးအတွက်မဆို သင့်တော်တဲ့ နှာခေါင်းတုကို ထုတ်သုံးနိုင်တယ်လို့ ဂျိန်းက ပြောပါတယ်။ ဥပမာ အရက်သောက်လို့ မျက်နှာနီလာတဲ့အချိန်မျိုးမှာ မျက်နှာအရောင်နဲ့တူမယ့် နှာခေါင်းကို တပ်တယ်လို့သူကပြောပါတယ်။ သူ့လိုပဲ မျက်နှာအပျက်အစီး ဖြစ်ရသူတွေကို အားပေးဖို့ ဂျိန်းက ဆိုရှယ်မီဒီယာကနေ သူ့အကြောင်းလေးတွေ ပြောပြတတ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ယူကေ #အမျိုးသမီး #နှာခေါင်းအတုနဲ့လူ