ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခုံးကျော်တံတားကို ဝင်တိုက်တဲ့လော်ရီကား
ခုံးကျော်တံတားကို ဝင်တိုက်တဲ့လော်ရီကား
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ ၁၈-ဘီး လော်ရီကားတစ်စီးက ခုံးကျော်တံတားကို ဝင်တိုက်ပြီး မှောက်သွားတာကို နောက်ကား ကင်မရာက ရိုက်ယူထားတဲ့မြင်ကွင်းပါ။ လော်ရီကားဟာ ဘေးတိုက်လိမ့်သွားရင်း လမ်းဘေးမှာ ရပ်ထားတဲ့ တိုယိုတာကားကိုလည်း ဝင်တိုက်မိပါတယ်။ တိုယိုတာကား ဒရိုင်ဘာကို ဆေးရုံပို့လိုက်ရပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာတော့ မရခဲ့ဘူးလို့ သိရပါတယ်၊ လော်ရီကားမောင်းသူကိုလည်း သတ်မှတ်ယာဥ်အမြင့်ထက်ပိုတဲ့ ကုန်တင်လာမှုနဲ့ အရေးယူထားပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #လော်ရီကား #ယာဥ်တိုက်မှု