အင်္ဂလန်က စာရေး စာဖတ် အခက်အခဲရှိသူများ

ဗီဒီယို ပုံစာ, အင်္ဂလန်က စာရေး စာဖတ် အခက်အခဲရှိသူများ
အင်္ဂလန်က စာရေး စာဖတ် အခက်အခဲရှိသူများ
ရေးသားခဲ့သည်။

စာတတ်မြောက်ရေးကိစ္စကို ကမ္ဘာတစ်ဝန်းက လူအများအပြားအတွက် ပုံမှန်ကျွမ်းကျင်မှုတစ်ခုလို သဘောထားလေ့ရှိကြပေမဲ့ အရွယ်ရောက်ပြီးသူ အများအပြားဟာ စာရေး စာဖတ်တတ်ဖို့အတွက် ရုန်းကန်နေရဆဲပါ။ အင်္ဂလန်မှာ ဆိုရင် လူ ၆ ယောက်မှာ ၁ ယောက်က စာဖတ်တတ်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး၊ လမ်းညွှန် ဆိုင်းဘုတ်တွေ၊ ဒါမှမဟုတ် ဆေးပုလင်းတွေပေါ်က ညွှန်ကြားချက် တွေကို မဖတ်နိုင်ကြပါဘူး။ စာတတ်မြောက်ရေး လှုပ်ရှားနေမှုအတွက် စေတနာ့ ဝန်ထမ်း မလုံလောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဘာမင်ဟမ်မြို့က လူမှုကူညီရေး အသင်းတစ်ခုက ဘီဘီစီကို ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် ဆာရာ ဂျူလီယန်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။