ကိုလံဘီယာ ငလျင်ကြီးကြောင့် သေဆုံးသူ ၁၆၀ ကျော်လာ

ဗီဒီယို ပုံစာ, ကိုလံဘီယာ ငလျင်ကြီးကြောင့် သေဆုံးသူ ၁၆၀ ကျော်လာ
ကိုလံဘီယာ ငလျင်ကြီးကြောင့် သေဆုံးသူ ၁၆၀ ကျော်လာ
ရေးသားခဲ့သည်။

ကိုလံဘီယာ နိုင်ငံအနောက်ပိုင်းမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခဲ့ရာမှာ လူ ၁၆၉ ကျော် သေဆုံးခဲ့ပြီး အပျက်အစီးလည်း ကြီးမားပါတယ်။ အခုတော့ အသက်ရှင်ကျန်မယ့် သူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေကလိုက်ရှာ ကယ်ဆယ်နေကြပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်မှာကိုလည်း စိုးရိမ်နေကြသလို လမ်းတွေပျက်ပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေး ခက်ခဲနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ ငလျင်ကြီးဟာ ပြင်းအား ၇.၄ ရှိပြီး မက်ဒဲလ်လင်းနဲ့ ကာလီအကြား ချိုကို ဒေသကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့ကမှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ သမ္မတသစ် အာဘဲလာဒို ဒယ် လာ အက်စပရီးယား ကလည်း နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ ဒေသတွင်း လေဆိပ်တွေကိုလည်း အများပြည်သူ သုံးစွဲဖို့ ပိတ်ပင်ထားပြီး ဆေးဘက်ဆိုင်ရာနဲ့ အစိုးရကိစ္စတွေအတွက်ပဲ သုံးစွဲနေပါတယ်။ ရှိုင်မာ ခါလီရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။