အေအေကို ပိတ်ဆို့ အရေးယူပေးဖို့ တောင်းဆို
အေအေကို ပိတ်ဆို့ အရေးယူပေးဖို့ တောင်းဆို
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအပေါ် မှာ မြန်မာ စစ်တပ်လိုပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲ ထားသလို၊ ဒီအပေါ်အရေးယူပေးဖို့ ယူကေအစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုနေကြပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံအခြေစိုက် သတင်းဌာနတွေမှာလည်း AA အပေါ်ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေ လုပ်ဖို့နီးစပ်လာပြီ ဆိုပြီး ရေးသား ပြောဆိုနေပါတယ်။ ရိုဟင်ဂျာအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ အာရက္ခတပ်တော် AA အပေါ် ဘယ်လို သက်ရောက် လာနိုင်ပါသလဲ။ ကိုဝေဖြိုး က ပြောပြမှာပါ။



