စစ်ကိုင်း မူးမြစ် ဒေသ အများအပြားမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရ

ဗီဒီယို ပုံစာ, မူးမြစ် တကြောက ဒေသ အများအပြားမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရ
စစ်ကိုင်း မူးမြစ် ဒေသ အများအပြားမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရ
ရေးသားခဲ့သည်။

မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ အပါအဝင် မူးမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာ အတော်များများ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သဖန်းဆိပ်ဆည်က ရေလွှတ်လိုက်တာကြောင့် ရွှေဘို၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်နဲ့ ဒီပဲယင်း ဒေသက ထောင်နဲ့ချီတဲ့ လူတွေဟာ ရေဘေး လွတ်ရာကို ရွှေ့ပြောင်း နေထိုင်နေရပါတယ်။ အဲဒီမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ခဲ့ကြရသူတွေဟာ အခုအခါမှာ သဘာဝ ဘေးအန္တရာယ်ကနေပါ ထပ်မံ ပြေးရှောင်နေကြရပါတယ်။ ဒီအကြောင်း မသင်းသင်းနွယ်က ပြောပြပေးမှာပါ။