လေးမျက်နှာ ရေကြီးမှု လူ ၂ ဦးသေဆုံး
လေးမျက်နှာ ရေကြီးမှု လူ ၂ ဦးသေဆုံး
ရေးသားခဲ့သည်။
ငဝန်မြစ်ရေကာတာကျိုးတဲ့ လေးမျက်နှာမြို့နယ်မှာ ရေဝင်ရောက်မှု ထပ်များလာသလို ရေစီးသန်တာကြောင့် ဒီနေ့ ရေကြီးတဲ့ ခြောက်ရက်မြောက်မှာ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ တာကျိုးတဲ့နေရာကို ပြုပြင်မှုတွေလုပ်နေပေမဲ့ အလုံးစုံမပြင်နိုင်သလို ထပ်မံ ကျိုးပေါက်တဲ့နေရာတွေ ရှိနေတာကြောင့် ရေပြန်ကျဖို့ ရက်အတော်ကြာနိုင်တယ်လို့ ဒေသခံတွေကပြောနေပါတယ်။ ရေဘေးကူညီကယ်ဆယ်ရေးမှာ စက်သုံးဆီ၊ သောက်သုံးရေ၊ မြေပုံလိုအပ်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ မတာရာက စုစည်းပြောပြပါမယ်။



