ဂရိမှာ တောမီးငြှိမ်းနေတဲ့ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ
ဂရိမှာ တောမီးငြှိမ်းနေတဲ့ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ
ရေးသားခဲ့သည်။
တနင်္ဂနွေနေ့က ဂရိမှာလောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ပေးနေတဲ့ ရဟတ်ယာဥ်နှစ်စင်းတိုက်မိပြီး တစ်စင်းကပျက်ကျခဲ့ပါတယ်။ ပျက်ကျတဲ့ ရဟတ်ယာဥ်မှာပါသွားတဲ့ ဒိန်းမတ်ပိုင်းလော့နဲ့ ဂရိမီးသတ်က ဆက်သွယ်ရေးအရာရှိတို့သေဆုံးခဲ့ပြီး နောက်တစ်စင်းကတော့ အရေးပေါ်ဆင်းသက်နိုင်ခဲ့လို့ အဲဒီရဟတ်ယာဥ်ပေါ်က ဗြိတိသျှပိုင်းလော့နဲ့ ဂရိအရာရှိတို့ကတော့ ဒဏ်ရာအနည်းအကျဥ်းနဲ့ အသက်ရှင်ခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဂရိ #တောမီး #သဘာဝဘေး



