စကိုင်းဗီလာ တည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ထောင် ၅ နှစ်ချ
စကိုင်းဗီလာ တည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်ကို ထောင် ၅ နှစ်ချ
ရေးသားခဲ့သည်။
မန္တလေးမြို့မှာ ၂၀၂၅ မတ်လက လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့တဲ့ စကိုင်းဗီလာ ကွန်ဒိုနဲ့ပတ်သက်တဲ့ အမှုမှာ တည်ဆောက်ခဲ့သူ NTL ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) နဲ့ တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ် လိုက်တယ်လို့ တရားရေး အသိုင်းဝိုင်းက ပြောပါတယ်။ ဒါပေမဲ့ ငလျင်ကြီးလှုပ်ခတ်တဲ့အခါ ပြိုကျပြီး လူပေါင်းရာချီ သေဆုံးရမှုမှာ ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင်ကို ထောင် ၅ နှစ်ချမှတ်ခဲ့တဲ့အပေါ် ပြိုကျမှုမှာ နစ်နာခဲ့သူတွေရဲ့ မိသားစုဝင်တွေက မကျေနပ်ကြဘူးလို့ ပြောကြပါတယ်။ မသီရိဇော်က ပြောပြမှာပါ။



