ဟန်တာဗိုင်းရပ်စ် သင်္ဘော ခရီးသည်တွေကို ကယ်ထုတ်

ဗီဒီယို ပုံစာ, ဟန်တာဗိုင်းရပ်စ် သင်္ဘော ခရီးသည်တွေကို ကယ်ထုတ်
ဟန်တာဗိုင်းရပ်စ် သင်္ဘော ခရီးသည်တွေကို ကယ်ထုတ်

ဟန်တာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ဖြစ်ပွားနေတဲ့ ဟွန်ဒီးယပ်စ် ခရီးသည်တင် သင်္ဘောပေါ်က ခရီးသည်တွေကို အာဏာပိုင်တွေက ကယ်ထုတ်ပေးနေကြပါတယ်။ အဲဒီ ကယ်ထုတ်ပေးခဲ့သူတွေထဲက ပြင်သစ်လူမျိုး တဦးမှာ ရောဂါပိုး ကူးစက်ခံထားရတာ တွေ့ရပါတယ်။ အမေရိကန်ကလည်း သူတို့ နိုင်ငံသားတွေမှာ ကူးစက်ခံထားရတာ တွေ့ရကြောင်းနဲ့ တယောက်ဆို ရောဂါလက္ခဏာစပြနေပြီ ဖြစ်ကြောင်း ပြောပါတယ်။ ဗြိတိသျှ ခရီးသွားတွေကတော့ ယူကေကို ပြန်ရောက်နေကြပြီဖြစ်ပြီး သူတို့ကို ဆေးရုံမှာ သီးသန့် ခွဲထားပြီး စောင့်ကြည့်နေကြပါတယ်။ ဆာရာရိန်းစ်ဖို့ဒ်ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။