လေးမျက်နှာမြို့ နဲ့ အနီးဝန်းကျင် ရေကြီးမှု

ဗီဒီယို ပုံစာ, လေးမျက်နှာမြို့ နဲ့ အနီးဝန်းကျင် ရေကြီးမှု အခြေအနေ
လေးမျက်နှာမြို့ နဲ့ အနီးဝန်းကျင် ရေကြီးမှု
ရေးသားခဲ့သည်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်း လေးမျက်နှာမြို့နဲ့အနီးဝန်းကျင် ကျေးရွာဆယ်နဲ့ချီ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာ ငါးရက်ထဲရောက်လာပါပြီ။ ရေကြီးနစ်မြုပ်မှု ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ပြီး ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် နေထိုင်နေကြရသလို၊ နေအိမ်တွေထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ ရေကြီးမှုကို ရင်ဆိုင်နေရတဲ့ အခြေအနေကို ဘီဘီစီ သတင်းထောက် ကိုမောင်က သတင်းပေးပို့ထားပါတယ်။