ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မှာ ရေဘေးကြောင့် သောက်သုံးရေ ခက်ခဲ
ရခိုင်မှာ ရေဘေးကြောင့် သောက်သုံးရေ ခက်ခဲ
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်က မြို့နယ်အများစုမှာ ရေကြီးရေလျှံဖြစ်ခဲ့မှုကြောင့် ကျေးရွာတွေရာနဲ့ချီ ရေနစ်မြုပ်ခဲ့ပြီး တချို့ကျေးရွာတွေမှာ ရေတွင်းရေကန်တွေပါ မြုပ်သွားတာကြောင့် လက်ရှိမှာ သောက်သုံးရေအခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။ အထူးသဖြင့် ထွန်ယက်စိုက်ပျိုးထားကြတဲ့ စပါးခင်းတွေနဲ့ အခြားသီးနှံစိုက်ခင်းတွေပါ နုန်းမြေတွေ ဖုံးလွှမ်းပြီး ပျက်စီးသွားတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။